Monday, 27 October 2008

Sunday, 19 October 2008

Flash လေး လုပ် ရ အောင်





စာမေး ပွဲ က တော် တော် လေး ကို နီး လာ လို့ဒီ နေ့ စာ ကို ဖြစ် ဖြစ် မြောက်မြောက်လေး တော် တော် ကြည့် ဖြစ် သွား တယ် လို့ပြော လို့ ရ မယ် ထင် ပါ တယ်..။

အဲ့ ဒါ နဲ့ flash ပေါက် စ လေး တစ် ခု လုပ် မယ် ဆို ပြီး ဒါ လေး တစ် ခု လုပ် ဖြစ် သွား ပါ တယ်..။

စိတ် ၀င် စား ရင် လိုက် လုပ် ကြည့် လို့ ရ ပါ တယ်..။

အရင် ဆုံး ရှိ ရ မှာ က.....၊ Flash pro 8 (ဒါ မှ မ ဟုတ်) Flash MX တစ် ခု မ ဟုတ် တစ် ခု ရှိ ရ မှာ ပါ..။

မရှိရင် အ ရင် ဆုံး ရှာ ပြီး သာ ဆွဲ ချ လိုက် ပါ တော့ နော်..၊google လိုက်ရင် တွေ့ မှာ ပါ ခင် ဗျာ..။

ရှိ ပြီး သား ပုဂ္ဂိုလ် များ က တော့ အရင်ဆုံး

Create a new flash document လုပ် ပါ..။

File->New----> Flash document လုပ် လည်း ရ ပါ တယ် လေ။

ပြီး တော့ဓာတ်ပုံလေး တစ် ပုံ လောက် ထည့် ရ အောင် ပါ..။



ကျွန် တော် က တော့ ကျွန် တော် တို့ မြန် မာ နိုင် ငံ အ လံ လေး ကို ထည့် ထား ပါ တယ်..။

မြန်မာ့ အလံလေးကို ကျွန် တော် photoshop နဲ့ အရင် ဆုံး ပြင်ထားပြီး သားပါ..။

Ctrl+R နှိပ် ပြီး import to stage File---->Import-------> Import to stage ဆိုပြီး လည်း လုပ် လို့ ရပါ တယ်..။



ပြီးရင် import လုပ် ထား တဲ့ ပုံ ပေါ် မှာ select လုပ် ထားပြီးတော့ Right click နှိပ် ပြီး Convert to symbol ကို click ပါ။



Movie clip ကို ရွေး ပါ..။



F9 နှိပ် လိုက် ပါ....၊ အဲ့ ဒီ ကျ ရင် Action script panel ပေါ် လာ ပါ လိမ့် မယ်..။

ဒါ လေး တွေ ကို copy လုပ် ပြီး Action script panel မှာ paste လုပ် ပါ..။



onClipEvent (enterFrame) {

_x = _root._xmouse;

_y = _root._ymouse;

}







ပြီးရင် တော့ control---->Test movie လုပ်ကြည့် ပါ..။



လုပ် ထားပြီးသားလေး ကို သိမ်း ချင်ရင် တော့ File--->Export------>Export movie ဆိုပြီး .swf နဲ့ save လုပ် ပြီး သိမ်း လို့ ရ ပါ ပြီ..။

အားတဲ့ အ ချိန် လေးတွေ မှာ ကျွန် တော် ဒီ လို ပေါ့ ပေါ့ ပါး ပါး flash လေး တွေ တင် ဖြစ် မယ် လို့ ထင် ပါတယ်..။ ကျွန် တော် ကိုယ် တိုင် က အ ခု မှ ဟို က လိ ဒီ က လိ ပဲ ရှိ သေး လို့ ပါ..။

Saturday, 23 August 2008

သီချင်းတွင် စာသားလေးတွေထည့်ရအောင်

ကိုယ့်စိတ်ကြိုက် သီချင်းတွေမှာ စာသားနဲ့ အဆိုတော်ပုံတွေ ထည့်ဖို့ Jet Audio ကို အသုံးပြုနိုင် ပါတယ်။ အတတ်နိုင်ဆုံး Jet Audio ရဲ့ နောက်ဆုံး version ကို ယူထား ဖို့တော့ လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အရင် version အဟောင်းတွေမှာ ရ/မရ ဆိုတာကို ကျွန်တော် သေချာမသိလို့ပါ။ အခု ကျွန်တော့်စက်ထဲမှာ ထည့်ထားတာကတော့ JetAudio.v7.0.2.3010.Plus.VX ဖြစ်ပါတယ်။
ပထမဆုံး ကိုယ်ပြုပြင်ချင်တဲ့ သီချင်းဖိုင် ကို Right click နှိပ်ပြီး၊ ပေါ်လာတဲ့ menu ကနေ jet Audio - Edit Tag ကိုသွားပါ။
foto

"Edit Tag" window box လေး ပေါ်လာပါလိမ့်မယ်။ သေချာ ကြည့်လိုက်မယ် ဆိုရင် အဲဒီ box လေးမှာ Basic, Lyirc, Picture ဆိုပြီး Tab menu လေး သုံးခုပါတာကို တွေ့ပါလိမ့်မယ်။ 'Basic' tab မှာ ကျွန်တော်တို့ ပြုပြင်မယ့် သီချင်းရဲ့ Title,Artist,Album,Year,Gene စတာတွေကို ဖြည့်ပါ။
foto

'Lyric' tab ကို သွားပါမယ်၊ အဲဒီမှာ သီချင်းစာသားကို ရိုက်ထည့်ချင်ထည့် (ဒါမှ မဟုတ်) Copy-Paste လုပ်ပြီး ထည့်ချင်ထည့် . . . သင့်စိတ်ကြိုက် ထည့်ပါ။ သီချင်းစာသားတွေကိုတော့ www.azlyrics.com မှာ သွားရှာ နိုင်ပါတယ်။ www.google.com မှာပဲ Lyric of **** ဆိုပြီးလည်း ရှာနိုင်ပါတယ်။ (**** ဆိုတာရဲ့ နေရာမှာ သင်ရှာချင်တဲ့ သီချင်းနာမည်ကို ရိုက်ရမှာ ဖြစ်ပါတယ်။ သီချင်းအမည်ရော အဆိုတော်အမည်ပါ, ပါရင် ပိုကောင်းပါတယ်၊ ဥပမာ- Lyirc of Killers are quiet - Slipknot )
foto

foto

Lyrics အမျိုးအစား နှစ်ခု(Static Lyrics and Synchronized lyrics)
ဒီနေရာမှာ ကျန်နေမှာ စိုးလို့ ထည့်ရေးလိုက် တာပါ၊ Lyrics နှစ်မျိုး ရှိပါတယ်။

Static Lyrics - ဆိုတာကကျ အသေပါ၊ ဒီစာတွေကို ဒီအတိုင်း ပုံသေ ပြနေမှာ ဖြစ်ပါတယ်။
Synchronized Lyrics - ဆိုတာကကျ Time line တစ်ခုနဲ့ သွားပါတယ်၊ ဥပမာ ပြောရရင် ကျွန်တော်တို့ တွေ့နေကျ VCDတွေ မှာလိုပဲ စာသားတွေကို အရောင် တစ်မျိုးနဲ့ ထပ်ဖုံးသွားတာ၊ ပြောင်းသွားတာ မျိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့် Synchronized Lyrics ကို MP3 Player တွေမှာ စာသားပေါ်စေချင်တဲ့ အခါ သုံးနိုင်ပါတယ်။
တစ်ဆက်တည်း ပြောရရင် အခုနောက်ပေါ်တဲ့ MP3 Player တွေမှာ သီချင်းနားထောင်နေရင်း သီချင်း စာသားပေါ်အောင် လုပ်လို့ ရနေပါပြီ။ ဒါပေမယ့် တစ်ခု သတိထားရမှာက Lyrics စာသားဖိုင် နဲ့ သီချင်းဖိုင်, ဖိုင်အမည်ခြင်း တူရပါ့မယ်။ MP3 Player ထဲကို အဲဒီ သီချင်းဖိုင် နဲ့ စာသားဖိုင် တွေကို ထည့်လိုက်ပါ။ ပြီးရင် သီချင်းဖွင့်၊ သီချင်းလာပြီဆိုတာနဲ့ MP3က Mode ခလုတ်ကို သုံးစက္ကန့် လောက် နှိပ်ထားလိုက်ပါ, သီချင်းစာသားလေးတွေ ပေါ်လာပါလိမ့်မယ်။

အခု Jet Audio မှာလည်း အဲဒီ Synchronized Lyrics တွေကို ရေးသားဖို့ လုပ်ပေးထား ပါတယ်၊ 'Lyrics' tab မှာ Run Lyric Maker (for Synchronized Lyric) ဆိုတဲ့ စာသားလေးကို အောက်နားလေးမှာ တွေ့မယ် ထင်ပါတယ်။ အဲဒီကောင်လေးကို ကလစ်လုပ်ပြီး Synchronized Lyrics တွေကို သင့်ကိုယ်တိုင် ဖန်တီးနိုင်ပါတယ်။
အဲဒါလေးက လုပ်ရတာ နည်းနည်း လက်ဝင် ပါတယ်၊ သီချင်းကို ဖွင့်လိုက်, Time line သတ်မှတ်လိုက် နဲ့ အချိန်လည်း ပေးရ ပါတယ်။ အသင့်ရေးပြီးသား Synchronized Lyrics ဖိုင်တွေကို ဒီဆိုဒ်မှာ သွားယူ နိုင်ပါတယ်။

နောက် 'Picture' tab ကို သွားပါမယ်၊ အဲဒီမှာ Browse ကနေ သင့်ထည့်ချင်တဲ့ ပုံရှိရာကို သွားဖွင့်ပါ။ မူလပုံ အတိုင်းပဲ ပေါ်စေချင်တယ် ဆိုရင် 'Resize image to fit' က အမှန်ခြစ်လေးကို ဖြုတ်ခဲ့ပါ။ ကျွန်တော်ကတော့ 200x200 အရွယ် ပုံသေးလေးပဲ ပေါ်စေချင်လို့ 'Resize image to fit - 200x200' ကိုရွေးပါတယ်။ ပြီးရင် Apply ၊ Ok လုပ်ပါ။
foto

foto

သင် ပြင်ထားတဲ့ သီချင်းဖိုင်လေးကို ဖွင့်ကြည့်လိုက်ပါ၊ သင်ထည့်ထားတဲ့ စာသားနဲ့အတူ ဓါတ်ပုံလေးပါ ပေါ်လာပါလိမ့်မယ်။ အောက်ပါ ပုံအတိုင်း ဖြစ်ပါလိမ့်မယ်၊ ဒါကတော့ ကျွန်တော် လုပ်ထားတဲ့ Static Lyrics နဲ့ သီချင်းလေးပါ -
foto

Friday, 22 August 2008

Coustomize loat lite ya aung

Internet address bar မှာ..ဒီJava script လေးရိုက်ထည့်ပေးလိုက်ပါ javascript: document.body.contentEditable= 'true'; document.designMode='on'; void 0
ဘာတွေထူးခြားလာမလဲဆိုတာကိုတော့ ကြည့်ကြည့်လိုက်ပေါ့......

Monday, 4 August 2008

သင်ယူလေ့လာသင့်သောအရာများ



ညီအစ်ကို မောင်နှမများ မိမိကိုယ်ပိုင် Website လွင့်တင်ချင်တယ်ဆိုရင်တော့ ဒီဆိုက်လေးက မဆိုးဘူးလို့ ပြောရမယ်ဗျ...။ 1GB Hosting ပေးပါတယ် ...။ GUI နဲ့အလွယ်တကူ Codingတို့ HTML တို့ မရလည်း အဆင်ပြေ ကြည့်ကောင်းတဲ့ website တစ်ခု ဖန်တီးလို့ အဆင်ပြေနိုင်ပါတယ် ...။ Coding: ပိုင်းလုပ်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ ...။ ဒိုမိန်းကတော့ ... ညီအစ်ကိုတို့ရဲ့ နာမည် www.yourname.page.tl ဖြစ်ပါမယ် ...။ ပြောနေတာ ကြာတယ်ဗျာ. .... စမ်းသုံးကြည့်ပေတော့ဗျို့ ...

Register လုပ်ရန် --- >>>> www.own-free-website.com

ဥပမာ ပုံစံကြည့်ရန် --- >>>> www.beautifulart.page.tl , www.lazernet.page.tl



ဘက်စုံလေ့လာရန်ပညာရေး
http://www.zorpia.com/
ဓာတ်ပုံတင်ရန်
http://photobucket.com/
http://www.ndesign-studio.com/

Saturday, 2 August 2008

အသုံးဝင်တဲ့ short-cuts key များ


short-cuts key တွေ ဆိုတာက ခရီး လမ်းကြောင်း တခုကို အတိုဆုံး နေရာ ကနေ မြေကြော ရှူံ့ပြီး လိုတဲံ့ နေရာ ရောက်အောင် သွားနို့င်ဖို့ ဖန်တီး ပေးထားတဲ့ ဖြတ်လမ်း နည်းလမ်း တွေပါပဲ။
အဲဒီလို ဖြတ်လမ်း တွေနဲ့ သွားတဲ့ အခါမှာ တစ်ခါ တစ်လေမှာ ဖြတ်လမ်း တွေဟာ အမျိုးစုံ ရှိနေတာကို တွေ့ရ ပါလိမ့်မယ်။ ဥပမာ အားဖြင့် ALL Programs လုပ်ငန်းစဉ် box ကိုဖွင့်ဖို့အတွက် start ကို click နှိပ်ရ ပါတယ်။
ဖြတ်လမ်း နည်း အနေနဲ့ ကတော့ mouse ကိုင်ဖို့ မလိုဘဲ window ကို click နှိပ်ရင် ပွင့်ပါတယ်။ ဒုတိယ ဖြတ်လမ်း ကတော့ Ctrl နဲ့ Esc ကိုတွဲပြီး နှိပ်ရင် ပွင့်ပါတယ်။ အခု ဖော်ပြ ထားတဲ့ ဖြတ်လမ်း နည်းတွေဟာ window တွေ အတွက်သာ သီးသန့် ဖော်ထုတ် ထားတာ ဖြစ်လို့ mouse, keyboard, windows စတဲ့ စနစ်နဲ့ hardware တွေအတွက် အကျုံးဝင်ပြီး software တွေရဲ့ short cut key တွေတော့ မပါဝင် သေးပါ။ Short cut key တွေကို သုံးစွဲဖို့ အတွက် ကတော့ အလယ်မှာ ရှိတဲ့ (+) သင်္ကေတကို ‘တွဲဖက် ပေါင်းနှိပ်ရန်’ လို့ မှတ်ထား ရပါမယ်။ ’start’ ဆိုတာ ကိုလည်း keyboard မှာ ရှိတဲ့ ‘windows’ logo ပုံကလေး button နဲ့ အတူတူ ပဲ ဆိုတာ မှတ်ရ ပါမယ်။ ဥပမာ -start+Ctrl+F ဆို တဲ့ command မှာ start ( window ) logo ပုံကလေး Ctrl ခလုတ်နဲ့ F အက္ခရာ သုံးခုကို တွဲဖက် နှိပ်ပေး ရပါမယ်။ရလဒ် အနေနဲ့ ‘ ခွေးရုပ် ကလေးနဲ့ window search box ‘ ပွင့်လာ ပါလိမ့်မယ်။ လူသိ အများဆုံး shortcuts key ဟာ ‘Ctrl+Alt+Del’ ပဲဖြစ်ပါတယ်။

Start + M - ဖွင့်ထားတဲ့ windows တွေက ချုံ့ပြီး tast bar ပေါ်မှာ နေရာ ချပေး ပါလိမ့်မယ်။

Start + Shift + M - task bar ပေါ်မှာချုံ့ပြီး ခဏ နေရာ ချထားတဲ့ windows တွေကို size ကြီး ပြန်ချဲ့ပေးပါတယ်။

Start + E - Windows ရဲ့ အင်ဂျင် စက်ခန်းလို့ ခေါ်ဆို နိုင်တဲ့ windows explorer ကို ဖွင့်ပေး ပါတယ်။

Start + R - Start menu မှာရှိတဲ့ ‘Run’ box ကို ဖွင့် ပေးပါတယ်။

Start + F - windows search dialog box ကို ဖွင့် ပေးပါတယ်။

Start + Ctrl + F - search box ကိုဖွင့် ပေးပါတယ်။ တကယ်လို့ computer ဟာ network ချိတ်ဆက် ထားရင် computer dialog box ကို ဖွင့်ပေး ပါတယ်။

Start + Pause ( Break ) - Systerm properties dialog box ကို ဖွင့်ပေး ပါတယ်။

F1 - အကူအညီ တစ်စုံ တစ်ရာ လိုအပ်ရန် နှိပ်ပါ။

Ctrl + Esc - Start Menu ကို ဖွင့်ပေး ပါတယ်။

Alt + Tab - ဖွင့်ထားတဲ့ ပရိုဂရမ်တွေ တစ်ခုနဲ့ တစ်ခု အကြားကို ကူးပြောင်း အလုပ်လုပ် စေနိုင် ပါတယ်။

Alt + F4 - ဖွင့် ထားတဲ့ ပရိုဂရမ် ကနေ ထွက်ခွာ စေပါတယ်။ အလုပ် လုပ်လျက် သား ဖြစ် နေရင် သာမန် ပုံစံအတိုင်း save လုပ် မလားလို့ မေးပါ လိမ့်မယ်။

ှ့Shift + Del - select ပေးပြီး ရွေးချယ် ထားတဲ့ ဖိုင်တစ်ခုကို အပြီးတိုင် ဖျက်ဆီး ပစ်ပါလိမ့်မယ်။

Windows program key combination
Ctrl + C - မိတ္တူ ပွားပေး ပါမယ်။

Ctrl + X - တစ်နေရာမှ တစ်နေရာကို ကူးပြောင်း နေရာ ရွှေ့ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်တဲ့ လုပ်ငန်းစဉ်ပါ။

Ctrl + past - မိတ္တူပွားပြီးသား ဖိုင်တစ်ခုကို ပြန်လည် နေရာ ချထား ပေးပါတယ်။

Ctrl + Z - undo. လုပ်ဆောင် ခဲ့သော အလုပ်ကို မနှစ် သက်တဲ့ အခါမှာ မူလ အခြေအနေ အတိုင်း ပြန်ရောက် ရှိစေပါတယ်။

Ctrl +B - document အတွင်းမှာရှိတဲ့ tast တွေကို ပိုမို ထင်ရှား အောင် ပြုလုပ် ပေးပါတယ်။

Ctrl + U - document အတွင်းမှာရှိတဲ့ tast အောက်ခြေမှာ မျဉ်းသား လိုတဲ့အခါ သုံးကြပါတယ်။

Ctrl + I - Italic- text တွေကို စောင်းပေးပါတယ်။

Mouse/ Keyboard Modifier
Shift + right click (တစ်ချက်) - Rice click နဲ့တူတယ်။ active windows ရဲ့ display menu ကို ဖွင့်ပေးတယ်။

ှShift + Left Click (နှစ်ချက်)

Alt + Left Click (နှစ်ချက်) - ဖိုင်သို့မဟုတ် folder ရဲ့ properties ကိုပြပေးမယ်။

General Keyboard
F 10 - mune bar မှာရှိတဲ့ options တွေကို အဆင်သင့် ဖြစ်နေအောင် လုပ်ဆောင် ပေးပါတယ်။

Ctrl + Esc - Start Menu ကိုဖွင့်ပေးပါတယ်။

Shift + F 10 - ရွေးချယ်ထားတဲ့ဖိုင် တစ်ခုအတွက် ’short-cut’ ဖိုင်ငယ်လေး တစ်ခု ပြုလုပ် ပေးထား ပါတယ်။

Alt + down arrow - drop-down list box ကျလာစေပါတယ်။ ဆော့ဖ်ဝဲတစ်ခု အတွင်းမှာပဲဖြစ်စေ၊ တစ်ခြား တစ်နေရာ တစ်ခု မှာပဲဖြစ်စေ features တိုင်း လုပ်ဆောင် နိုင်စွမ်း box ငယ်ကလေးများ ကိုယ်စီ ရှိကြသည်။

Alt + Tab - ဖွင့်ထားတဲ့လုပ်ငန်းစဉ်တိုင်းအား တစ်ခုနှင့်တစ်ခု အကြား ကူးပြောင်း စေနိုင်ပါတယ်။ တစ်ကယ်လို့ Alt Key ကိုဖိထားပြီး Tab Key ကို လွတ်လိုက်မယ် ဆိုရင် လုပ်ဆောင်ဆဲ လုပ်ငန်းစဉ် မှန်သမျှကို အလွယ်တကူ ကြည့်ရှု နိုင်ပြီး လုပ်ငန်း ပြောင်းလဲ နိုင်ပါတယ်။

Shift + ? - တကယ်လို့ shift key ကိုဖိနှိပ်ထားပြီး CD-ROM ဒါမှမဟုတ် DVD တစ်ချက်ကို ထည့်သွင်း လိုက်မယ် ဆိုရင် အဲဒီ CD/DVD ရဲ့ ‘Auto Run’ box တက်လာ ပါမယ်။ CD မှာ virus ပါဝင် လာမှုရှိ၊ မရှိ စစ်ဆေး လိုတဲ့အခါမှာ အသုံးဝင်ပါတယ်။

Alt + Space - Restore, move, size, minimize, maximize စတဲ့ command တွေပါ ဝင်တဲ့ system restore box ကိုပြ ပေးတယ်။

Alt + hypen - Multiple Document Interface ကို ပြသ ပေးတယ်။

Alt + underlined letter - ဆော့ဖ်ဝဲတစ်ခုအတွင်းမှာ သတိထားကြည့်မိရင် options bar ရဲ့ feature တွေမှာ မျဉ်းသား ထားတဲ့ စာသား လေးတွေ မျိုးစုံ တွေ့ရ ပါလိမ့်မယ်။ Alt ကို ဖိနှိပ် ထားပြီး အခုန စာသား လေးကို နှိပ်လိုက်တဲ့ အခါမှာ အဲဒီ ‘feature’ ရဲ့’drop down box’ ( = ပါဝင်တဲ့ လုပ်ဆောင် ချက်တွေ ) ပွင့်လာ ပါမယ်။

Ctrl + F4 - address bar ကိုဖွင့်ပေးတယ်။

Alt + F6 - Alt + Tab အလုပ်လုပ်ပုံ အတိုင်းဖြစ်ပါတယ်။

Selected objects & shell objects
F2 - ရွေးချယ်ထားတဲ့အရာဝတ္တုကို နာမည်အသစ် ပြန်ပေးဖို့ အဆင်သင့် ဖြစ်နေ စေပါမယ်။

F3 - ဖိုင်တွေအကုန်လုံးကို ရှာမေးမယ်။

Alt + Enter - ရွေးချယ်ထားတဲ့ အရာဝတ္တုရဲ့ properties’ ကို ဖော်ပြ ပေးပါတယ်။

ဖိုင်တစ်ခုမိတ္တူပွားရန် - Ctrl Key ကိုနှိပ်ထားပြီး အဲဒီဖိုင်ကို မတူညီတဲ့ တခြား နေရာကို ရွှေ့ပေးပါတယ်။ အပေါင်း လက္ခဏာ ပေါ်လာပြီး မိတ္တူပွား ပေးပါလိမ့်မယ်။

Shortcut တစ်ခုဖန်တီးရန် - Ctrl နဲ့ Shift Key တွေကို ဖိနှိပ်ထားရင် ဖန်တီးချင်တဲ့ folder ဒါမှမဟုတ် အရာဝတ္တုကို ဖန်တီးလိုတဲ့ နေရာဆီကို drag ဆွဲယူပါ။

F4 - object ကို select ပေးထားရင်းနဲ့ F4 ကို နှိပ်ရင် address bar ကို ဖွင့်ပေးပါတယ်။

General folder/shortcut control
F5(Refresh) - လုပ်ဆောင်နေတဲ့ အလုပ်တွေကို ပြန်လည် လန်းဆန်း စေပါ။

F6 - Windows Explorer အတွင်းဟိုဘက် ဒီဘက် cursor ရွှေ့နိုင် ပါတယ်။

Ctrl + A - အရာဝတ္တုများအားလုံးကို select လုပ်ပေးပါမယ်။ တကယ်လို့ desktop ပေါ်မှာ item တစ်ခု ကို click နှိပ်ပြီး ‘Ctrl + A’ command သုံးလိုက်ရင် ကျန်တဲ့ item တွေကိုပါ ရွေးချယ် ပြီးသား ဖြစ်သွား ပါလိမ့်မယ်။

Shift + Click + closebutton - ဖွင့်ထားတဲ့ folder တွေမှန်သမျှ parten folder ကိုရော root folder တွေရော ပိတ်ပေးသည်။

Windows explorer အတွင်း
*(keypad) - ရှိရှိသမျှ root folder တွေအကုန်ဖွင့်ပေးတယ်။

+(keypad) - root floder တခုအတွင်းရှိ ရှိရှိသမျှ file တွေဖွင့်ပေးတယ်။

-(keypad) - root flolder တခုအတွင်းရှိ ရှိရှိသမျှ file တွေပိတ်ပေးတယ်။

Right Arrow - ‘+’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Left Arrow - ‘-’ နဲ့အလုပ်လုပ်ပုံချင်းတူတယ်။

Properties control
Ctrl + Tab သို့မဟုတ် Ctrl + Tab + Shift - Mouse မသုံးဘဲ Keyboard နဲ့ခုန်ပျံကျော်လွှားသွား နိုင် တယ်။ (Mouse အသုံးမပြုလိုပါက mouse properties တချို့ကို disable လုပ်ထားလျှင် ပိုကောင်း၏။)

Accessibliity Short-cuts
Shift ကိုငါးကြိမ်နှိပ်တဲ့အခါ - Control panel ထဲမှာရှိတဲ့ Accessibility options ကို select ပေးပါ။ Shift ကို PC ထဲကနေ ‘ကွိ’ ဆိုတဲ့ အသံကလေး ပေါ်လာ ပါလိမ့်မယ်။ ပြီးရင်တော့ Shift Key ကို save မလုပ် ချင်ရင် cancel လုပ်ပါ။

ညာဘက် Shift ကို ရှစ်စက္ကန့်အကြာ ဖိထားတဲ့အခါမှာ - ညာဘက် Shift ကို ရှစ်စက္ကန့် ကြာအောင် ကိုင်နှိပ် ထားရင် filter key box လေး ပေါ်လာ ပါလိမ့်မယ်။

‘Number Lock’ Key ကိုငါးစက္ကန့်ကြာ အောင်ဖိထားတဲ့အခါမှာ - Number lock Key ကိုငါးစက္ကန့် ကြာ အောင် ဖိထားတဲ့အခါမှာလည်း ထိုနည်း လည်းကောင်းပါပဲ၊ အလုပ် လုပ်ပုံ ချင်းသာ ကွဲပြား သွားမှာပါ။

ဘယ်ဘက် Alt + ဘယ်ဘက် Shift =+ Number Lock - PC ထဲက’ကွိ’ အသံလေးအတွက် function ပဲဖြစ်ပါတယ်။ အဓိကအားဖြင့်ကတော့ mouse key တွေကို အပိတ်အဖွင့် လုပ်စေချင်တာပါ။

ဘယ်ဘက် Alt + ဘယ်ဘက် Shift + print screen preview - မြင့်မားတဲ့ ပုံရိပ်တွေကို ရယူလိုတဲ့ အခါမှာ အဆိုပါ keyboard တွဲတွေကို တွဲဘက် နှိပ်ပေး ရပါလိမ့်မယ်။

Keyboard Keys
Start (Windows logo) + D - Window တွေကို task bar ပေါ်ကိုခဏ တင်ပေးတယ်။

Ctrl + Start + F - Search box ကိုဖွင့်ပေးပါမယ်။ ခွေးလေးကို မလိုချင်ရင် ပယ်ဖျက် ထားလို့ရပါတယ်။

Ctrl + Start + Tab - address bar ဆီကို ချက်ချင်း cursor ချပေးတယ်။

Start + Tab - Taskbar ပေါ်မှာစုပြုံ ပြီး ဖွင့်ထားတဲ့ folder တွေဆီကို တခုကနေ တခု ကူးပြောင်းနိုင်တယ်။

Start + Pause (Break) - System properties ကိုချက်ချင်း ဖွင့်ပေးတယ်။

Application Key - File သိုမဟုတ် folder ရဲ့ properties ကိုဖွင့်ပေးတယ်။

Dialog box command
Tab - dialog box ထဲမှာဆိုရင် နောက်တခုကို သွားဘို့ အဆင်သင့် ဖြစ်နေတယ်။

Shift + Tab - လာခဲ့တဲ့ control ဆီကို ပြန်သွားပေးတယ်။

Space-bar - ရွေးချယ်ပြီးလုပ်မယ်။ ( ဥပမုာ button တခုကို ရွေးထားတယ်။ အဲဒီ button ကို click နှိပ်ရုံပါပဲ။ ဥပမာ check box တခုကို ရွေးမယ်ဆိုရင် space bar တချက်ပုတ်ရုံပဲ။ ဥပမာ နှစ်ခု ပြပေး ထားတယ်။ တခုကို ရွေးမယ် ဆိုတဲ့ နေရာမှာ Enter နဲ့တူတယ်။

Esc - အရာအားလုံးရဲ့ ၉၀ရာခိုင်နှူန်းဟာ ‘cancel’ ရဲ့ အလုပ် လုပ်ပုံနဲ့ တူတယ်။

Alt + Underline Letter - Alt ကို ဖိထားပြီး underline သားထားတဲ့ အက္ခရာကို နှိပ်မယ်ဆိုရင် အဲဒီ command အတွက် short-cut တခုပါပဲ။

Enter - object တခုကို select ပေးပြီး OK button နှိပ်လိုက်တာနဲ့ ဆင်တူတယ်။

ဇေယျာစံ
Knowledge 1000+
(ကွန်ပျူတာဂျာနယ် ၂၀၀၈ခုနှစ်၊ ဧပြီလ၊ အမှတ် ၁၇၀)

Monday, 21 July 2008

ဂိမ်းမရေးချင်ဘူးလား




ကိုယ့်စိတ်ကြိုက်ဂိမ်းလေးတွေ မရေးချင်ဘူးလား။ ဘာလဲ ပရိုဂရမ် ကုဒ်ဒင်း တွေမရဘူးလို့ ပြောမလို့လား။
ရော့ ဒီ ဆော့ဝဲလ်လေးကို အင်စတောလုပ်ကြည့်လိုက်။ [Download] ပြီးရင်း စိတ်ကြိုက် ဂိမ်းတွေ ထိုင်ပြီးရေးပေတော့။ အသေးစိတ်ကိုတော့ ဒီ ဆိုဒ်မှာ ကြည့်ပေတော့ဗျို့။ [Link]
အဲ. မေ့လို့ Full Version အတွက် Serial Key လေးတွေပါ ရထားတယ်။

Saturday, 19 July 2008

Kidlogger

မိမိကွန်ပြူတာမှာ ဘာတွေသုံး ခဲ့တယ်ဆိုတာကိုစောင့်ကြည့်တဲ့ ဆော့ဝဲ(လ်)လေးပါ။
ဒီဆော့ဝဲ(လ်)လေး က ကိုယ့်ရဲ့ ကွန်ပြူတာမှာ သုံးခဲ့တဲ့ Key Stoke တွေကိုမှတ်သားထားတာပါ။အတော်အသုံးဝင်တဲ့ ဆော့ဝဲ(လ်)လေးတစ်ခုပါ။
ဒီနေရာမှာ download ယူပါ။
Ctrl+Alt+Delaete လေးနှိပ်ပြီး task manager ကိုခေါ်

Icon8 ကွန်ပြူတာကို auto ဖွင့်ကြမယ်လေ


ဖိုရမ်လေးထဲမှာ computer ကို auto ပိတ်မယ် ဆိုတဲ့ တော့ပစ် လေး ကို မြင်လို့ပါ..
ကျွန်တော့် ကို လည်း သူငယ်ချင်း တွေ ပေးထားတဲ့ ဆော့ဝဲ လေး တခု ရှိတယ်..
computer ကို auto လည်း ပိတ်လို့ရတယ်. auto open လို့လည်းရတယ်နော်..
ကွန်တော် ဆို ဒါလေးနဲ့ပဲ မနက်ဆို computer ကိုဖွင့်ခိုင်းတာ..လုံးဝကို အဆင်ပြေတယ်.
website လေးပဲပေးလိုက်မယ်နော်.ဖိုရမ် ကို သိပ်မကျွမ်းသေးလို့ ဆော့ဝဲ ကို မတင်ပေးတော့ဘူး.
ဒီနေ့ မှ member ၀င်လို့ပါ..
http://www.lifsoft.com/
serial မလိုပါဘူး သုံးကြည့်ပေါ့ ကြိုက်ကြမှာပါ...........

မိမိကွန်ပျူတာအထွေထွေ

ကွန်ပျူတာစာအုပ်များ(၆)အုပ်
downloapချရန်ကွန်ပျူတာအတွက်
download(2)
download(3)
download(4)

Monday, 14 July 2008

Sunday, 13 July 2008

staroffice အကြောင်း


google ကနေထုတ်လိုက်တဲ့ star office လေး အကြောင်းဒီမှာဆွေးနွေးကြရအောင်....။
ကျွန်တော်သူငယ်ချင်းက ဟိုတစ်လောက ပြောတယ်။ star office က microsoft office ထက်ကောင်းတယ်ဆိုတာကို...။
အဲဒါကျွန်တော် တစ်နေ့က Install လုပ်ကြည့်တယ်။ free download ရပါတယ်။ google pack ကနေဆွဲလို့ရပါတယ်.။ ကျွန်တော် ဒေါင်းလုပ်လုပ်ပြီး ဖွင့်ကြည့်တော့ microsoft office ဒီဇိုင်းအတိုင်းပဲတွေရတော့ သိပ်စိတ်မ၀င်စားဘူးဗျ.. အဲဒါ သူငယ်ချင်းကပြောတယ် power point ကလည်း microsoft ထက်ပိုကောင်းတယ်ဆိုပဲ ... ပြီးတော့သူကပဲ မိုက်ခရိုဆော့ဖ်က yahoo ကိုဝယ်မယ်ဆိုတဲ့ သတင်းကလည်း ဒီgoogle ရဲ့ star office ကိုမကြည်တာက အဲဒီက အချက်ဖြစ်တယ်တဲ့ ... (အမှန်ဟုတ်မဟုတ်မသိပါ။) ဖြစ်လည်းဖြစ်နိုင်တာပဲ microsoft office ကိုဈေးကြီးကြီးနဲ့ရောင်းနေတဲ့အချိန်မှာ google က free ဆိုတော့ ... ဘိလ်ဂိတ်လည်း နှလုံးတုန်မှာပေါ့ ...

အဓိကကျွန်တော်ကြိုက်သွားတာက သူကရိုက်ထားတဲ့စာတွေကို ebook လုပ်ချင်ရဲ့ pdf ကိုတန်းချိန်းပေးတယ်...။ အဲဒါလေးကိုတော်တော် သဘောကျသွားတာ...။ စမ်းကြည့်ကြပါ ... ။ free download ပဲလေ...။
ဒါကတော့ သူရဲ့အကြောင်းအပြည့်အစုံပါ..။
ဒေါင်းလုပ်ဆွဲချင်ရင်တော့
ဒီမှာဆွဲလိုက်ကြပါ.

Monday, 7 July 2008