
google ကနေထုတ်လိုက်တဲ့ star office လေး အကြောင်းဒီမှာဆွေးနွေးကြရအောင်....။
ကျွန်တော်သူငယ်ချင်းက ဟိုတစ်လောက ပြောတယ်။ star office က microsoft office ထက်ကောင်းတယ်ဆိုတာကို...။
အဲဒါကျွန်တော် တစ်နေ့က Install လုပ်ကြည့်တယ်။ free download ရပါတယ်။ google pack ကနေဆွဲလို့ရပါတယ်.။ ကျွန်တော် ဒေါင်းလုပ်လုပ်ပြီး ဖွင့်ကြည့်တော့ microsoft office ဒီဇိုင်းအတိုင်းပဲတွေရတော့ သိပ်စိတ်မ၀င်စားဘူးဗျ.. အဲဒါ သူငယ်ချင်းကပြောတယ် power point ကလည်း microsoft ထက်ပိုကောင်းတယ်ဆိုပဲ ... ပြီးတော့သူကပဲ မိုက်ခရိုဆော့ဖ်က yahoo ကိုဝယ်မယ်ဆိုတဲ့ သတင်းကလည်း ဒီgoogle ရဲ့ star office ကိုမကြည်တာက အဲဒီက အချက်ဖြစ်တယ်တဲ့ ... (အမှန်ဟုတ်မဟုတ်မသိပါ။) ဖြစ်လည်းဖြစ်နိုင်တာပဲ microsoft office ကိုဈေးကြီးကြီးနဲ့ရောင်းနေတဲ့အချိန်မှာ google က free ဆိုတော့ ... ဘိလ်ဂိတ်လည်း နှလုံးတုန်မှာပေါ့ ...
အဓိကကျွန်တော်ကြိုက်သွားတာက သူကရိုက်ထားတဲ့စာတွေကို ebook လုပ်ချင်ရဲ့ pdf ကိုတန်းချိန်းပေးတယ်...။ အဲဒါလေးကိုတော်တော် သဘောကျသွားတာ...။ စမ်းကြည့်ကြပါ ... ။ free download ပဲလေ...။
ဒါကတော့ သူရဲ့အကြောင်းအပြည့်အစုံပါ..။ဒေါင်းလုပ်ဆွဲချင်ရင်တော့
ဒီမှာဆွဲလိုက်ကြပါ.။